
စည်း (see) - y wine lyrics
ဝမ်းနည်းတတ်သူကို မင်းထပ်မနှိပ်စက်နဲ့တော့
အချစ်က ကိုယ့်အတွက်ဆို
အမြဲတမ်းရှုံးမယ့် တိုက်ပွဲတစ်ခု
နောက်တစ်ခေါက် မရှုံးချင်ပါ
မင်း ငါ့အတွက် မတွေးနဲ့တော့
ဟိုးအဝေးဆုံး ကမ်းတစ်ဖက်မှာ
နင်ဘဝကို ပြန်အသစ်စ
မင်းကြောင့်သာ မပြောရက်ပါ
ဒီလို အဆုံးသတ်ဖို့အကြောင်း ရှိခဲ့လို့ပဲ
ဒီလိုဇာတ်သိမ်းဖို့ ပညတ်ထား
နောက်လူရင်မှာ ပျော်နိုင်မှာပါ
ငါ့အနား မလာနဲ့တော့
အခုလိုပြောတာ မချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင် အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ ကိုယ်နဲ့ စည်းခြားနေပြီကွာ
ခြောက်သွေ့သစ်ပင်တောင် အမြဲထာဝစဉ် မခြောက်ခမ်းဘူး
တစ်နေ့တော့ မိုးထဲမှာ
အမွှေးဆုံးပန်းများ ပွင့်လန်းလို့
ငြိမ်းချမ်းတဲ့ရင်ခွင် မင်းမှေးစက်အိပ်လိုက်တော့
မဝေးသောတို့အတိတ်ဟာ အိပ်မက်လိုသာ ကျန်ရစ်ခဲ့
မင်းကြောင့်သာ မပြောရက်ခဲ့ပါ
ဒီလို အဆုံးသတ်ဖို့အကြောင်း ရှိခဲ့လို့ပဲ
မလွန်ဆန်နိုင်ရဲတဲ့ တို့ကံတရား
နောက်လူရင်မှာ ပျော်နိုင်မှာပါ
ငါ့အနား မလာနဲ့တော့
အခုုလိုပြောတာ မချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင် အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ ကိုယ်နဲ့ စည်းခြားနေပြီကွာ
ဒီလို မင်းတစ်ယောက်တည်းကိုပဲ
အပြစ် ငါမပြုရက်ခဲ့ပါ
မလွန်ဆန်ရဲလောက်တဲ့ ကံတရား လှည့်စား
နောက်လူရင်မှာ ပျော်နိုင်မှာပါ
ငါ့အနား မလာနဲ့တော့
အခုလို ပြောတာ မချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင် အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ ကိုယ်နဲ့ စည်းခြားနေပြီကွာ
နောက်လူရင်မှာ ပျော်နိုင်မှာပါ
ငါ့အနား မလာနဲ့တော့
အခုလို ပြောတာ မချစ်လို့မဟုတ်ဘူးနော်
သိပ်မကြာခင် အဆင်ပြေမှာပါ
ငါနားလည်ပြီးသား
မင်းနဲ့ ကိုယ်နဲ့ စည်းခြားနေပြီကွာ
မင်းနဲ့ ကိုယ်နဲ့ စည်းခြားနေပြီကွာ
Random Song Lyrics :
- i hate goodbyes - glacier island lyrics
- watching me watching you - darren hayes lyrics
- straight 2 gay - flippy-g lyrics
- siesta - dismissedfit lyrics
- makeup sex - benjamin kissi lyrics
- wordless - the velvet underground lyrics
- the beat comes - snowden lyrics
- naive little me - adam ezra lyrics
- no hook - nolimit draco lyrics
- who knew - perp13 lyrics