
အလွမ်း (aluaan) - လေးဖြူ (lay phyu) lyrics
ဒီအတိုင်းပဲ
တစ်မြေဆီ မမြင်နိုင်တဲ့ဘဝတွေမှာ
ထင်ရာစိုင်း လျှောက်လှမ်းမယ်ဆို
တို့တွေကြာရင် ဝေးသွားနိုင်တယ်
အရင်အတိုင်းပဲ
ကြယ်တွေမမြင်သာတဲ့ ညတွေဆို ငါ
ဘယ်သူများ ဖန်ဆင်းလေတဲ့
အိမ်မက်တွေ ဂယောင်ခြောက်ခြား မက်ကာရယ်
မင်း ပြန်ဖို့တောင် စဉ်းစားရခက်မယ်ဆို
မင်း ခဏလေးပြန်တွေ့ကြဖို့ ခက်နေရင်
ကြာရင် အိမ်မက်ဆိုးတွေ မက်ကာ
မိုးမြေလို ကွာဝေးနိုင်တယ်လေ
မင်း ဒီအတိုင်း တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ဒီအတိုင်း အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ပြန်လာဖို့စဉ်းစားလို့ပေးပါကွယ်
ကြာရင်အိမ်မက်ဆိုးတွေ ကြားမှာ
ငါ့ရဲ့အသက် ရပ်တန့်သွားနိုင်တယ်
ခေါ်သံများလား
သန်းခေါင်ယံ အမှောင်ထုများ နောက်ကွယ်မှာ
နင်တစ်ယောက်များ ပြန်ခဲ့တာလား
ငါ့မှာ မျှော်ကာ စိတ္တဇပါကွယ်
အာရုံများလည်း နွံရေတွေလိုနောက်ကျိကာရယ်
နင်ပြုစား လူကိုရူးစေသလား
ငါ့မှာ အိပ်မက်ဆိုးများစွာအလယ်
မင်း ပြန်ဖို့တောင် စဉ်းစားရခက်မယ်ဆို
မင်း ခဏလေးပြန်တွေ့ကြဖို့ ခက်နေရင်
ကြာရင် အိမ်မက်ဆိုးတွေ မက်ကာ
မိုးမြေလို ကွာဝေးနိုင်တယ်လေ
မင်း ဒီအတိုင်း တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ဒီအတိုင်း အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ပြန်လာဖို့စဉ်းစားလို့ပေးပါကွယ်
မင်း ဒီအတိုင်း တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ဒီအတိုင်း အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
Random Song Lyrics :
- dramatic - the vitamen lyrics
- hand in sunshine - v6 lyrics
- nije ni čudo - khan (hrv) lyrics
- poznaj (płonę w deszcz) - szulik lyrics
- tension (english version) - dreamcatcher lyrics
- replace me (2020) - leesta lyrics
- universos - entidathe lyrics
- jawo jawo - goldie harvey lyrics
- spotkanie z matką - vangelis lyrics
- jedan vidi sve - marija šerifović lyrics